SJ WorldNews - шаблон joomla Авто

မံစီမြို့နယ် အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

Thursday, 12 December 2019 10:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ   ၁၁

ကချင်ပြည်နယ်၊  မံစီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၁ဝ ရက် ညနေ ၃ နာရီခန့်တွင် သံတံတား ကျေးရွာ၏ အရှေ့ မြောက်ဘက် ၃ မိုင်ခန့်အကွာသို့ အရောက်၌  အင်နှင့် ကညင်သစ်ခွဲသား ဆိုဒ်စုံ  ၁၃ ဒသမ ၁၄ တန်ခန့်နှင့်အတူ ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ် များနှင့် ဆက်စပ်ပစ္စည်းများအား မံစီမြို့နယ် သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Read 44 times Last modified on Thursday, 12 December 2019 10:32