SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၅၇ဝဝ ဖမ်းဆီးရမိ

Wednesday, 09 August 2017 07:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းစစ်ဆေးရေး ဂိတ်၌ ယမန်နေ့ နံနက်ပိုင်းက စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ကြိမ်ချောင်း စစ်ဆေးရေးဂိတ်၌ ရွှေဗဟို ကျေးရွာနေ ရဲအောင် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရှာဖွေ စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွဆေးပြား ၅၇ဝဝ ခန့်မှန်းကာလတန်ဖိုး ငွေကျပ် ၁၁၄ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

Read 440 times Last modified on Wednesday, 09 August 2017 07:59