SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အမျိုးသမီးတစ်ဦး ဟိုတယ် သုံးလွှာအထပ်၏ ပြတင်းပေါက်မှ ပြုတ်ကျသေဆုံး

Wednesday, 09 August 2017 07:59 font size decrease font size decrease font size increase font size increase font size

လားရှိုး သြဂုတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၌ ဟိုတယ် သုံးလွှာအထပ်၏ ပြတင်းပေါက်မှ ယမန်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ပြုတ်ကျ၍ သေဆုံးကြောင်း သိရသည်။

လားရှိုးနယ်မြေရဲစခန်းမှ ရဲအုပ်နိုင်လင်း ဦးစီးအဖွဲ့သည် လားရှိုး ပြည်သူ့ဆေးရုံကြီးသို့  ပြတင်းပေါက်မှ ပြုတ်ကျသူတစ်ဦး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း သတင်းအရ  သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ မ--- ဟိုတယ်ဝန်ထမ်း ကံပိုင်ရပ်ကွက် တောင်ကုတ်မြို့ နေသူဖြစ်ပြီး ယာဘက် လက်ကောက်ဝတ်ကျိုး၊ ယာဘက်လက်မောင်းရိုးကျိုး၊ ယာဘက်ကိုယ်တစ်ခြမ်း ညိုမည်းဒဏ်ရာ တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့်   စုံစမ်း မေးမြန်းကြသည်။  

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၂  နာရီခွဲခန့်က ၎င်းနေထိုင်ရာ အခန်းသုံးလွှာအထပ်၌ ဘီယာ သောက်စားထားပြီး ပြတင်းတံခါး ပေါင်ပေါ်၌ ထိုင်၍လိုက်ကာစကို ကိုင်နေစဉ် စားပွဲထိုးဖြစ်သူ ကိုအောင်သက်နှင့် ကိုမိုးဆန်းဦးတို့က ပြုတ်ကျမည်ဟု သတိပေး ပြောကြားစဉ် ပြတင်းပေါက်၏ ယာဘက် လိုက်ကာချိတ်သည့် ချိတ်မှာ နံရံမှပြုတ်ထွက်ကာ အရှိန် မထိန်းနိုင်ဘဲ အမြင့် ၃၅ ပေခန့်ရှိ သုံးလွှာအထပ်မှ မြေပြင်သို့ ပြုတ်ကျကာ ဆေးကုသမှု ခံယူစဉ် သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မ---- ၃ဝ နှစ် သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန်အတွက် လားရှိုးနယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃၂/၁၇ ဖြင့် ဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

Read 407 times Last modified on Wednesday, 09 August 2017 07:59