SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဘူးသီးတောင် မြို့နယ်၌ ကျေးရွာတာဝန်ခံ တစ်ဦးအား အစွန်းရောက် အကြမ်းဖက် သမားများက ဓားဖြင့်ဝိုင်းခုတ်

Wednesday, 09 August 2017 07:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျေးရွာတာဝန်ခံ တစ်ဦးအား အစွန်းရောက် အကြမ်းဖက် သမားများက ဓားဖြင့်ဝိုင်းခုတ် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာ တာဝန်ခံ မာမောက်ဆော်လိန် သည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က စာကိုင်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်၌ ကျောင်းတောင်ရွာ ရာအိမ်မှူးနှင့် စာကိုင်းရွာ ရာအိမ်မှူးတို့ ကျေးရွာ လုံခြုံရေးအတွက် အစည်းအဝေး ပြုလုပ်နေစဉ် ကျောင်းတောင် အလယ်ရွာနေ အကြမ်းဖက်သမား အာလီဂျူဟတ်နှင့် မျက်နှာဖုံးစွပ် အစွန်းရောက် အကြမ်းဖက်သမား ၁ဝ ဦး (စိစစ်ဆဲ)တို့က မာမောက်ဆော်လိန်အား ဓားဖြင့်ဝိုင်းခုတ်ရာ ဦးခေါင်းထိပ်၊ ယာနားထင်၊ ဝဲလက်ဖဝါး ပြတ်ရှ ဒဏ်ရာများနှင့် ရင်ဘတ်ထိုးသွင်း ဒဏ်ရာများ ရရှိခဲ့သဖြင့် မာမောက်ဆော်လိန်အား ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းတောင် အလယ်ရွာသား အကြမ်းဖက် သမားတစ်ဦးနှင့် မျက်နှာဖုံးစွပ် အစွန်းရောက် အကြမ်းဖက် သမား ၁ဝ ဦးတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Read 445 times Last modified on Wednesday, 09 August 2017 08:00