SJ WorldNews - шаблон joomla Авто

ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ၂၂ ဘီးယာဉ်ကို ၀င်တိုက် နှစ်ဦးသေဆုံး

Sunday, 19 January 2020 13:57 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ တောင်ဘက် (၄)မိုင်ခန့်အကွာ တောင်နန်ချွန်ကျေးရွာ  အခြေခံပညာ မူလတန်းလွန်ကျောင်းရှေ့၌ ဇန်န၀ါရီ ၁၇ ရက် မွန်းလွဲ  ၂ နာရီခွဲခန့်က  ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ၂၂ ဘီးတွဲယာဉ်အား ၀င်တိုက်ကာ   နှစ်ဦးသေဆုံးမှု ဖြစ်ပွားကြောင်း   သိရသည်။
ဖြစ်စဉ်မှာ  ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မြောက်မှတောင်သို့ အောင်ကြီး  ၃၁ နှစ်မောင်းနှင်ပြီး   အလယ်မှ တစ်ရွာတည်းနေ  သန်းဇော်ထွန်း ၂၀ နှစ်၊  နောက်တွင်   ၀င်းမင်းသန်း ၂၅ နှစ်တို့လိုက်ပါလာသော ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်  ကားလမ်းအနောက်ဘက် မြေသားလမ်းပေါ်၌ ရပ်တန့်ထားသည့် ၂၂ ဘီးတွဲယာဉ်၏  နောက်ပိုင်းအား အရှိန်လွန်  ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ   အောင်ကြီးနှင့်  အလယ်မှလိုက်ပါသူ သန်းဇော်ထွန်းတို့ နှစ်ဦးမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သူ   အောင်ကြီးအား  ရေတာရှည်မြို့မ ရဲစခန်းက ယာဉ်(ပ)၅/၂၀၂၀၊ ရာဇသတ်ကြီး  ဥပဒေ ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရ သည်။                         
Read 26 times Last modified on Sunday, 19 January 2020 13:58