SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Monday, 20 January 2020 10:18 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့   ပါချန်မြစ်အတွင်း ဇန်နဝါရီ ၁၈ ရက်  ညနေပိုင်းက  လှေဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား  ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ   ကော့သောင်းရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးရဲမင်းထက် ဦးစီးသည့်   တပ်ဖွဲ့ဝင်များသည် ရဲရေယာဉ်ဖြင့် ပါချန်မြစ် မွေတော်ကျွန်း အရှေ့ရေပြင်တွင် ပင်လယ်ပြင်လုံခြုံရေး လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် အဝီ(ခ)ထွန်းထွန်းဦး မောင်းနှင်လာသော  မသင်္ကာဖွယ်လှေငယ် တစ်စင်းအား စစ်ဆေးရန် မီးအချက်ပြခေါ်ရာ ရပ်မပေးဘဲ ရွှေဇင်ယော်ရပ်ကွက် ကမ်းရိုးတန်းတံတားအနီးသို့ မောင်းသွားသဖြင့် နောက်မှလိုက်ခဲ့ရာ အဆိုပါလှေမှာ တံတားတွင် ဆိုက်ကပ်ထားကာ လှေမောင်းသူ အဝီ(ခ) ထွန်းထွန်းဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသည်။

ဆက်လက်၍ လှေပေါ်သို့ ရေကြောင်း ရဲတပ်ဖွဲ့ဝင်များ၊  ကော့သောင်းမူးယစ်ရဲတပ်ဖွဲ့စု (၃၄)မှတာဝန်ရှိသူများ၊ ရပ်ကွက် သက်သေများနှင့်အတူ  တက်ရောက်ရှာဖွေရာ လိမ္မော်ရောင်ပလတ်စတစ် ရေခဲပုံးအတွင်း၌  ငွေရောင်အလူမီနီယံသေတ္တာတစ်လုံးထဲမှ WY စာတန်းပါ  မူးယစ်စိတ်ကြွဆေးပြား ၁၈၅၂၅ ပြား၊  ICE    ဟု ယူဆရသော အဖြူရောင်ခရစ္စတယ် အခဲ ၅ဝ ဂရမ်ခန့် စုစုပေါင်းတန်ဖိုးငွေကျပ် ၅၆၈၂၅ဝဝ ကို  ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဝီ(ခ)ထွန်းထွန်းဦးအား ကော့သောင်းမြို့မ ရဲတပ်ဖွဲ့စခန်းက  မယ(ပ) ၁၃/၂ဝ၂ဝ၊ မူး/စိတ်ဥပဒေပုဒ်မ  ၁၉ (က)အရ အမှုဖွင့်ကာ  တရားခံအားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                   ကျော်စိုး(ကော့သောင်း)

Read 21 times Last modified on Monday, 20 January 2020 10:18