SJ WorldNews - шаблон joomla Авто

အမျိုးသားတစ်ဦး မော်တော်ယာဉ်ပေါ်မှ ပြုတ်ကျ သေဆုံး

Monday, 20 January 2020 10:18 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကွတ်ခိုင်မြို့ နမ့်မွှေးကျေးရွာအနီး  လားရှိုး-မူဆယ်လမ်း၌ ဇန်နဝါရီ ၁၈ ရက်ညနေ ၅ နာရီမိနစ် ၄ဝ က မော်တော်ယာဉ်ကပ်ခြံပေါ်တွင် လိုက်ပါလာသောလူတစ်ဦး ယာဉ်ရှေ့ပြုတ်ကျပြီး  ဦးခေါင်းအား ဘီးဖြင့်ကြိတ်မိကာ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ  ကွတ်ခိုင်မြို့နယ်  နမ့်မွှေးကျေးရွာအနီး   လားရှိုး-မူဆယ်လမ်း မိုင်တိုင်အမှတ်(၂၂၅/ဝ)အနီးတွင် ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ မြင်းခြံမြို့နယ်နေသူ ကျော်သူအောင် မောင်းနှင်သည့် 4B/---- MITSUBISHI ခြောက်ဘီးယာဉ်၏ ခေါင်မိုးပေါ်ရှိ ပစ္စည်းများ တင်ဆောင်သော  ကပ်ခြံပေါ်တွင် လိုက်ပါလာသည့် ဂန့်ဂေါမြို့နယ်နေသူ ရဲထွေး(ခ)မင်းသားသည်   ရုတ်တရက်မတ်တတ်ရပ်လိုက်စဉ်  မော်တော်ယာဉ်၏ရှေ့သို့   ပြုတ်ကျသွားခဲ့ရာ  ၄င်း၏ဦးခေါင်းအား  ယာဉ်ရှေ့ဘီးဖြင့် ကြိတ်မိသဖြင့်  ရဲထွေး(ခ)မင်းသားမှာ ဦးခေါင်းကြေမွ ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ ကျော်သူအောင်အား   ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ရဲကင်းစခန်းက ယာဉ်(ပ)၁/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄-က/၂၇၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း  သိရသည်။

Read 25 times Last modified on Monday, 20 January 2020 10:19