SJ WorldNews - шаблон joomla Авто

ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာ အနီး၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Tuesday, 21 January 2020 08:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအ၀င် ဆိုက်ခေါင်-မောက်မယ် သွားကားလမ်း၌ သတင်းအရ မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် ဇန်န၀ါရီ ၁၉ ရက် နံနက် ၅ နာရီခွဲခန့် တွင် ဆိုက်ခေါင်ဘက်မှ မောက်မယ်မြို့ဘက်သို့ ယာဉ်မောင်း စိုင်းနေလင်း(ဘ)ဦးတဲ မောင်းနှင်လာသည့် FORD  RANGER အမျိုးအစား မော်တော်ယာဉ် အမှတ်၊ MDY 3I/---- (လိုင်စင်မဲ့)နှင့်   ယာဉ်မောင်း အန်တောနျို့(ဘ) ဦးကို မောင်းနှင်လာသည့်  TOYOTA  ALPHARD  အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN  3N/----တို့အား စစ်ဆေးရာ ယာဉ်ပေါ်တွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် ဘိန်းညိုမှုန့် ၉၀ ကီလိုခန့် (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၉၀၀၀ ခန့်)နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများအား ဘန်းယဉ်နယ်မြေရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 28 times Last modified on Tuesday, 21 January 2020 08:59