SJ WorldNews - шаблон joomla Авто

မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်၊ စိန်ရတနာ တည်းခိုခန်း၌ တည်းခိုနေထိုင်သူ တစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

Tuesday, 21 January 2020 09:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့၊ပိန်းဆန်းရပ်ကွက်ရှိ စိန်ရတနာ တည်းခိုခန်း သို့ ဇန်န၀ါရီ ၁၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ သွားရောက် ရှာဖွေရာ အခန်းနံပါတ် (၁)၌ တည်းခိုနေထိုင်သူ ရဲလင်းထိုက်(ဘ) ဦးအောင်မြင့်စိုး နှင့် ကျဖို(ဘ) ဦးကျဆီးတို့ နှစ်ဦးအား WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၂၀၀ ခန့်)နှင့် ဆက်စပ်ပစ္စည်းများ၊ ၎င်းတို့ ပိုင်ဆိုင်သည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား မိုင်းပျဉ်းမြို့မ ရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။                        

Read 27 times Last modified on Tuesday, 21 January 2020 09:03