SJ WorldNews - шаблон joomla Авто

ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ၀ယ်လက်မရှိသည့်အတွက် ဆိတ်ဈေးနှုန်း ဆက်တိုက် ကျဆင်း

Tuesday, 21 January 2020 09:23 font size decrease font size decrease font size increase font size increase font size

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ၀ယ်လက် မရှိသည့်အတွက်  ဆိတ်ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာကြောင်း  မန္တလေး ဆိတ်ဈေးကွက်မှ သိရသည်။

““ထိုင်းနိုင်ငံက  အကောင်ရွေး ၀ယ်တာဆိုတော့ ဈေးကွက်ကို အရမ်းမထိခိုက်ဘူး။ တရုတ်နိုင်ငံကတော့  အကောင်စုံဝယ်တာ။ အခု တရုတ်နိုင်ငံက  အ၀ယ်ရပ်နေတော့ဈေးထိုးကျလာတယ်။ အရင်က    တရုတ်နှစ်သစ်ကူး ကာလနီးလာရင် တရုတ်ကုန်သည်တွေ ပုံမှန်ဆင်းပြီး  ၀ယ်ယူလေ့ ရှိပေမယ့် ဒီနှစ်မှာ ၀ယ်ယူတဲ့သူမရှိတဲ့အတွက် ဆိတ်ဝယ်ယူ စုဆောင်းထားတဲ့  သူတွေ အရှုံးပေါ်တာပေါ့””  ဟု  မန္တလေးမြို့မှ ဆိတ်ကုန်သည် ဦးမြင့်အောင် ကပြော သည်။

ယခင် တရုတ်နှစ်သစ်ကူးကာလတွင် တရုတ်ကုန်သည်များ  ပြည်တွင်းသို့ လာ ရောက် ၀ယ်ယူသည့်အတွက်   ဆိတ်ဈေးနှုန်း ကောင်းမွန်ခဲ့သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင်   တရုတ်ကုန်သည်များက ၀ယ်ယူ ခြင်းမရှိခဲ့သော်လည်း ပြည်တွင်းကုန်သည် အချင်းချင်း ၀ယ်ယူမှုဖြင့် ပြည်တွင်း ဆိတ်ဈေးနှုန်းမှာ    ဆိတ်တစ်ပေါင်လျှင် (အလေးချိန်) ငွေကျပ် ၂၂၀၀ ခန့်   ရှိခဲ့သည်။

ထိုသို့ တရုတ်ကုန်သည်များနှင့် ထိုင်းနိုင်ငံမှ ကုန်သည်များ လာရောက်ဝယ်ယူမှု မရှိခြင်းကြောင့် ပြည်တွင်းဆိတ်ဈေးနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆိတ်တစ်ပေါင်လျှင် (အလေးချိန်) ငွေကျပ် ၂၂၀၀   ခန့်ရှိခဲ့သော်လည်း    ယခုအခါ ငွေကျပ်  ၁၇၀၀ အထိ  ကျဆင်းလာကြောင်း သိရသည်။          

Read 26 times Last modified on Tuesday, 21 January 2020 09:24