SJ WorldNews - шаблон joomla Авто

ရေဖြူမြို့နယ်အတွင်း တရားမ၀င် ရွှေတူးဖော်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် တရားမ၀င်သစ်များ သိမ်းဆည်းရမိ

Wednesday, 22 January 2020 08:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီ ၂၀ ရက် နံနက်ပိုင်းတွင် ကလိန်အောင်မြို့၊ မိချောင်းလှောင်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၇၅၀၀ ခန့်အကွာနေရာ၊ ဇင်းဘာကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့် အကွာနေရာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်တို့မှ တရားမ၀င် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် CHANG   CHAI အမျိုးအစား ၂၅ကောင်အင်ဂျင် နှစ်လုံး၊ ဂျင်ဒေါင်းအမျိုး အစား ၂၅ ကောင် အင်ဂျင်တစ်လုံး၊ ဆက်စပ်ပစ္စည်းများ၊ ကတွတ်၊ ကညင်သစ်ခွဲသားဆိုဒ်စုံ ၁၇ တန်ခန့်နှင့် KOMATSU (PC  200-6) အမျိုးအစား ဘက်ဟိုးယာဉ်တစ်စီးတို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ    တရားမ၀င် ရွှေတူးဖော်ရာတွင် အသုံးပြုသည့်ပစ္စည်းများ နှင့် သစ်များအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။          

Read 25 times Last modified on Wednesday, 22 January 2020 08:48