SJ WorldNews - шаблон joomla Авто

ဟိုင်းကြီးကျွန်းမြို့နှင့်ငရုတ်ကောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း စည်းပျက်ကမ်းနီး ငါးဖမ်းစက်လှေ ၁၄ စင်း ဖမ်းဆီး ရမိ

Thursday, 23 January 2020 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံ ရေး ဆောင်ရွက်နေသည့်   တပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီ ၂၁ ရက် နံနက်ပိုင်းတွင် သမီးလှကျွန်း၏ အနောက်ဘက်   ရေမိုင် ၁၀ မိုင်ခန့်အကွာနှင့် ပတ်ဝန်းကျင်နေရာ တစ်ဝိုက်၌ စည်းပျက်ကမ်းနီး ငါးဖမ်းလှေ ကိုးစင်းအား လှေသား ၇၃ ဦးနှင့် လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ငရုတ်ကောင်း မြို့နယ်၊ အုန်းကျွန်းကျွန်း၏ အနောက်ဘက် ၈ မိုင်ခန့်အကွာ၌   စည်းပျက်ကမ်းနီးငါးဖမ်းလှေငါးစင်းအား လှေသား ၄၈ ဦးနှင့် လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် စည်းပျက်ကမ်းနီး ငါးဖမ်းလှေများအား ဟိုင်းကြီးကျွန်း မြို့  ငါးလုပ်ငန်း ဦးစီးဌာနသို့   စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။                     

Read 27 times Last modified on Thursday, 23 January 2020 09:34