SJ WorldNews - шаблон joomla Авто

ခိုလမ်မြို့အတွင်း တရားမ၀င်နွားများ တင်ဆောင်လာသူများအား ဖမ်းဆီးရမိ

Thursday, 23 January 2020 09:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ခိုလမ်မြို့ စုပေါင်း စစ်ဆေးရေးဂိတ်၌ စောင့်ဆိုင်းနေစဉ် ယနေ့ညနေ ၃ နာရီခန့်တွင် နမ့်စန်ဘက်မှ ခိုလမ်ဘက်သို့ ယာဉ်မောင်း  မောင်မောင်(ဘ) ဦးအုန်းသောင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် သန်းဇော်ဦး(ဘ)ဦးလူပု လိုက်ပါလာသည့် ကန်တာ အမျိုးအစား ယာဉ်အမှတ်၊ MGY-2E/------ယာဉ်အား  ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင်  တရားမ၀င် တင်ဆောင်ထားသည့် နွားအထီး ရှစ်ကောင်နှင့်အတူ တရားခံသုံးဦးတို့အား ဖမ်းဆီးရမိခဲ့သည်။အဆိုပါ ဖမ်းဆီးရမိသူများနှင့် တရားမ၀င် နွားများအား ခိုလမ်နယ်မြေ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်း ရရှိသည်။                        

Read 39 times Last modified on Thursday, 23 January 2020 09:58