SJ WorldNews - шаблон joomla Авто

ပျော်ဘွယ်မြို့၊ မန္တလေးတန်း ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

Thursday, 23 January 2020 09:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ   ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ မန္တလေးတန်း ရပ်ကွက်နေ ဦးကျော်ဝင်း(ဘ) ဦးထွန်းဉာဏ် ပိုင်ဆိုင်သည့်နေအိမ်၌ ဇန်န၀ါရီ ၂၁ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဘုရားစင်လျှပ်စစ်မီး ၀ိုင်ယာရှော့ခ်ဖြစ်ရာမှ တစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ်ရှစ်စီး၊  ရေသယ်ယာဉ်ငါးစီးတို့ဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်း သွားခဲ့ပြီး မီးပေါ့ဆစွာ သုံးစွဲသူ ဦးကျော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ယဉ်သိန်းနွဲ့(ဘ) ဦးထွန်းမြိုင်အား ပျော်ဘွယ်မြို့နယ်၊ ရဲစခန်းမှ    လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 23 times Last modified on Thursday, 23 January 2020 09:49