SJ WorldNews - шаблон joomla Авто

စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

Thursday, 23 January 2020 10:28 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်  (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာ အုပ်စု နောင်နွန်းကွက်သစ် ထပ်တင် ကာဘုန်းတော်ကြီးကျောင်း အနီး၌ ဇန်နဝါရီ ၂၁ ရက် ညနေ ၆ နာရီခွဲက ဆိုင်ကယ်စီးနင်းလာသူထံမှ  စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် လင်းလင်းထွန်း   ဦးစီးအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ    ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်း ကွက်သစ် ထပ်တင်ကာဘုန်းတော် ကြီးကျောင်းအနီး လမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် မခမ်းပေါ်ကျေး ရွာဘက်မှ   နောင်နွန်းကွက်သစ် ဘက်သို့  ယာဉ်မောင်း ကျာပို ၄၂ နှစ်  မခမ်းပေါ်ကျေးရွာ  ဟွေကွယ် ကျေးရွာအုပ်စု ကျိုင်းတုံမြို့နယ်နေသူ မောင်းနှင်လာသော နံပါတ်မပါ  HONDA WAVE-110 အမျိုးအစား နီနက်ရောင်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ၄င်းဝတ်ဆင်ထားသော ပြောက်ကျားအင်္ကျီလက်ရှည် အိတ်ကပ်အတွင်းမှ  အပြာရောင်ပလတ် စတစ်ကပ်ခွာ အိတ်ဖြင့်ထုပ်လျက်  စိတ်ကြွဆေးပြားဟု ယူဆရသော WY စာတန်းပါ   လိမ္မော်ရောင်ဆေးပြား ၁၇၁ ပြားပါ  တစ်ထုပ်၊  ဆေးပြား ၁၉၅  ပြားပါ တစ်ထုပ်၊ စုစုပေါင်း ဆေးပြား ၃၆၆ ပြား တန်ဖိုးငွေကျပ် ၃၆၆ဝဝဝ ခန့်နှင့် ၄င်းဝတ်ဆင်ထားသည့် ခါးပတ်တွင် ချိတ်ထားသည့် အရိုးအသွား ၁ဝ လက်မခန့်ရှိ  စတီးရိုးတပ်  ဓားမြှောင်တစ်ချောင်းတို့အား ရှာဖွေ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျာပိုအား ကျိုင်းတုံမြို့မရဲစခန်းက မယ (ပ)၂၄/၂ဝ၂ဝ၊ မူး/စိတ်ဥပဒေပုဒ်မ-၁၉ (က)/၂၂(ခ)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း  သိရသည်။   

Read 33 times Last modified on Thursday, 23 January 2020 10:29