SJ WorldNews - шаблон joomla Авто

KBZ Pay အကောင့်ဖြင့် ငွေများ ထုတ်ယူသွားသူအား အမှုဖွင့် အရေးယူ

Thursday, 23 January 2020 10:29 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာနေ  ဦးတင်ဦး ၆၅ နှစ်သည် ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီက ကျိုက်ထိုမြို့မရဲစခန်းသို့ ရောက်ရှိလာပြီး ၄င်း၏ဘဏ်စာအုပ်အတွင်းမှ   ငွေများအကြိမ်ကြိမ် ထုတ်ယူသွားသူအား အရေးယူပေးပါရန် တိုင်တန်းမှု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ဦးတင်ဦးသည် ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ကမ္ဘောဇဘဏ်တွင် ၄င်း၏ အမည်ဖြင့် ဘဏ်ငွေစာရင်းစာအုပ် ပြုလုပ်ခဲ့ပြီး ငွေသွင်း/ငွေထုတ်ပြုလုပ်ခဲ့ရာ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလတွင် ငွေ ၁ဝ၁၅၃၇၇ ဒသမ ၄၈ ကျပ်ရှိကြောင်း၊ ယင်းနောက် ကမ္ဘောဇဘဏ်သို့ ငွေထုတ်ယူရန်သွားရောက်ခဲ့ရာ ဘဏ်ငွေစုစာအုပ်မှာ  လက် ကျန်ငွေတစ်သိန်းကျပ်သာ ရှိတော့ကြောင်း၊  ငွေများပျောက်ဆုံးသည့် ကိစ္စနှင့်ပတ်သက်၍ ဘဏ်မန်နေဂျာအား မေးမြန်းရာ ငွေများအား KBZ Pay အကောင့်များဖြင့် အမည်မသိ လူတစ်ဦးမှ ၄၉ ကြိမ်တိတိ ထုတ်ယူ သွားကြောင်း သိရသဖြင့် လာရောက်တိုင်တန်းရခြင်း ဖြစ်ကြောင်း  သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုက်ထိုမြို့မရဲစခန်းက ငွေထုတ်ယူသွားသူ စုံစမ်းဆဲအား (ပ)၉၅/၂ဝ၂ဝ၊ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။     

Read 22 times Last modified on Thursday, 23 January 2020 10:30