SJ WorldNews - шаблон joomla Авто

ကန်ကြီးထောင့်မြို့၌ ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွား

Thursday, 23 January 2020 10:30 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဆင်ကွင်းကျေးရွာ အနီး ရန်ကုန်-ပုသိမ်ကားလမ်း၌ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကန်ကြီးထောင့်မြို့နယ် ဆင်ကွင်းကျေးရွာအနီး ရန်ကုန်- ပုသိမ်ကားလမ်း   မိုင်တိုင်အမှတ် (၉၅/၃)နှင့်(၉၅/၄)ကြား၌ ကန်ကြီးထောင့်မြို့နယ် သဘော့ငူကျေး ရွာအုပ်စု ရိုးကြီးကျေးရွာနေ ဦးထွန်းကြည် ၅၈ နှစ် မောင်းနှင်လာသော ယာဉ်အမှတ် ၄၄ယ/---- Stream 110 အနက်ရောင်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဘယ် ဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ဦးထွန်းကြည်တွင် ယာလက်ပွန်းပဲ့ဒဏ်ရာ၊ ယာနှာခေါင်းအောက် ပွန်းပဲ့ဒဏ်ရာ၊ သတိမရ(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍  ယာဉ် မဆင်မခြင်မောင်းနှင်သူ   ဦးထွန်း ကြည်အား  ကန်ကြီးထောင့်မြို့မ ရဲစခန်းက ယာဉ်(ပ)၄/၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ  ၃၃၈  ဖြင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 32 times Last modified on Thursday, 23 January 2020 10:30