SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်နှစ်စီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိ တစ်ဦးသေဆုံး

Thursday, 23 January 2020 10:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော် တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၂၄၅/၇)နဝင်းချောင်း ကူးတံတားပေါ်၌ ဇန်နဝါရီ ၂၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် ၁၂ ဘီးယာဉ်နှင့် ၂၂ ဘီးယာဉ်တို့ အရှိန် မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိရာ ၁၂ ဘီးယာဉ်မောင်း သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ      ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ အချိုရည်ကတ်များ တင်ဆောင်လာသည့် Fuso ၁၂ ဘီး ယာဉ် MDY 1M/---- နှင့် မန္တလေး ဘက်မှ ရန်ကုန်ဘက်သို့ ပြောင်းဖူး ဆန်အိတ်များ တင်ဆောင်ကာ ယာဉ်မောင်း  ကိုဆန်းလင်း  ၃ဝ နှစ် မောင်းနှင်ပြီး  ကိုဝင်းသိန်း ၃၅ နှစ် လိုက်ပါလာသည့် Scania တွဲကား ၂၂ ဘီးယာဉ် YGN 1M/---- တို့ အရှိန်မထိန်းနိုင်ဘဲ  မျက်နှာချင်း ဆိုင်တိုက်မိရာ  ၁၂  ဘီးယာဉ်မှာ လမ်းဝဲဘက်ရှိ နဝင်းချောင်းအတွင်း ထိုးကျခဲ့သည်။

ယာဉ်တိုက်မှုကြောင့်  ၁၂  ဘီး ယာဉ်မောင်းမှာ  အခင်းဖြစ်နေရာ တွင် သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် အား တပ်ကုန်း ခုတင် ၁ဝဝ ဆေးရုံသို့ ပို့ဆောင်ထားရှိကာ  ၁၂  ဘီး ယာဉ်မောင်းနှင့်ယာဉ်အား ဆယ်ယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇော်မျိုး(နေပြည်တော်)

Read 32 times Last modified on Thursday, 23 January 2020 10:31