SJ WorldNews - шаблон joomla Авто

မိုးနဲမြို့နယ်အတွင်း တရားမ၀င် သစ်ထုတ်လုပ်နေသူများအား ဖမ်းဆီးရမိ

Monday, 10 February 2020 08:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီခန့် တွင် ကျိုင်းတောင်းမြို့၏ အရှေ့တောင်ဘက် မီတာ ၁၅၀၀၀ ခန့်အကွာ၌ တရားမ၀င် သစ်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့အား ကျွန်းနှင့် ပိတောက်သစ်လုံးနှင့် သစ်ခွဲသားဆိုဒ်စုံ ၂၄ တန်ခန့်၊ မီးစက်နှစ်လုံး၊ သစ်ခွဲစက် ရှစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် အနီးဝန်းကျင်အား ဆက်လက်စစ်ဆေး ဆောင်ရွက်စဉ် ကျွန်းသစ်လုံး ၂၆ လုံး၊ တန် ၃၀ ခန့်အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းနှင့် သစ်တော ဦးစီးဌာနများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 12 times Last modified on Monday, 10 February 2020 08:40