SJ WorldNews - шаблон joomla Авто

မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း တရားမ၀င် ငါးဖမ်းလှေ တစ်စင်း ဖမ်းဆီးရမိ

Monday, 10 February 2020 08:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော် ၀ါရီ ၈ ရက်   နံနက် ၁၀ နာရီခန့်တွင် ပလောက်မြို့၏ အနောက်ဘက် ရေမိုင် ၁၀ မိုင်ခန့်အကွာ၌ အလျား ပေ ၅၀၊ အနံ ၁၁ ပေ၊ ရေစူး ၅ ပေခန့်ရှိ တရားမ၀င် တရွတ်ဆွဲ ငါးဖမ်းလှေတစ်စင်းပေါ်မှ ဦးဝင်းနိုင်(ဘ) ဦးဆင်စွယ် အပါအ၀င် အမျိုးသားငါးဦးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် တရားမ၀င် ငါးဖမ်းစက်လှေတို့အား မြိတ်မြို့၊ ငါးလုပ်ငန်း ဦးစီးဌာနသို့   စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                          

Read 10 times Last modified on Monday, 10 February 2020 08:48