SJ WorldNews - шаблон joomla Авто

အောင်ပန်းမြို့၌ ယာဉ်တိုက်မှု ဖြစ်ပွား တစ်ဦးသေဆုံး

Monday, 10 February 2020 11:52 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် အောင်ပန်းမြို့ သာမိုင်ခမ်းကျေးရွာ သာမိုင်းခမ်း တံတားအနီး၌ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ က ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း မြင့်ဆွေ မောင်းနှင်ပြီး နောက်တွင်ငြိမ်းချမ်းအောင် လိုက်ပါလာသည့် 30W/---- နံပါတ်ပါ HONDA CBR1-50 အမျိုးအစား အဖြူရောင်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင်လာသော မော်တော်ယာဉ်၏ ဝဲဘက်ခြမ်းဖြင့်    ချိတ်မိပြီး ဆိုင်ကယ် တိမ်းမှောက်သွားရာ ငြိမ်းချမ်းအောင်မှာ    အခင်းဖြစ်နေရာတွင် သေဆုံးသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြင့်ဆွေအား ကလောမြို့နယ် အောင်ပန်းနယ်မြေ ရဲစခန်းက ယာဉ်(ပ)၁၃/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။  

Read 11 times Last modified on Monday, 10 February 2020 11:53