SJ WorldNews - шаблон joomla Авто

ဖယောင်းတိုင်မီး မှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်

Monday, 10 February 2020 13:43 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ကြွေချိုင်ကျေးရွာ၌ ဖေဖော်ဝါရီ၈ ရက် နံနက် ၇ နာရီက ဖယောင်းတိုင်မီး မှတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ    ငရုတ်ကောင်းမြို့  ကြွေချိုင်ကျေးရွာနေ ဦးလှမြင့်၏ နေအိမ်အပေါ်ထပ် ဘုရားခန်း၌ ဖယောင်းတိုင်မီး ပူဇော်ထားရာမှ ကြမ်းခင်းပျဉ်အား မီးကူးစက်လောင်ကျွမ်းပြီး အလျား ၁၈ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၈ ပေခန့်ရှိ  သွပ်မိုး၊  ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်နေအိမ် မီးလောင်သွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးလှမြင့်အား ငရုတ်ကောင်းနယ်မြေရဲစခန်းမှ (ပ)၁၂/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 16 times Last modified on Monday, 10 February 2020 13:44