SJ WorldNews - шаблон joomla Авто

ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဘုရားဖူးယာဉ်ကို ဝင်တိုက်

Monday, 10 February 2020 13:44 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ်    လမိုင်းမြို့နယ် မော့ကနင်ကျေးရွာ  ထားဝယ်-မော်လမြိုင်ကားလမ်း၌ ဖေဖော်ဝါရီ ၈ ရက် ည ၁၁ နာရီတွင် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဘုရားဖူးယာဉ်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ လမိုင်းမြို့နယ် မော့ကနင်ကျေးရွာထားဝယ်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၇၄ နှင့် ၇၅ အကြား၌ ထားဝယ်မြို့ဘက်မှ    မော်လမြိုင်မြို့ဘက်သို့ လမိုင်းမြို့ မော့ကနင်ကျေးရွာနေ ချမ်းမွန် ၂၅ နှစ် မောင်းနှင်လာသည့် Honda Wave 110 အမျိုးအစား အဖြူရောင်(နံပါတ်မပါ) ဆိုင်ကယ်သည် ရှေ့မှယာဉ်မောင်း (စိစစ်ဆဲ) မောင်းနှင်လာသော ဘုရားဖူးမှန်လုံယာဉ်အမှတ် 9L/ ----- အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ  မှန်လုံယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိရာ ချမ်းမွန်တွင်  အပေါ်နှုတ်ခမ်းပေါက်ပြဲ၊ ယာနားသွေးထွက် (မစိုးရိမ်ရ)ဒဏ်ရာများ ရရှိသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းမွန်အား လမိုင်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၂/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၂၇၉ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 14 times Last modified on Monday, 10 February 2020 13:45