Print this page

ကျိုင်းတောင်းမြို့နယ် အတွင်း တရားမ၀င် သစ်ထုတ်လုပ်နေသူများအား ဖမ်းဆီးရမိ

Tuesday, 11 February 2020 09:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည်  ယနေ့နံနက် ၁၀ နာရီမိနစ်၂၀ ခန့်တွင် ကျိုင်းတောင်းမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ၌ တရားမ၀င် သစ်လုပ်ငန်းလုပ်ကိုင်နေသည့် စောကုလားဆေး(ဘ) ဦးကျော်ထွေးနှင့် စောထီးခူးဝါး(ဘ) ဦးစောကုန်းလှ တို့နှစ်ဦးသည်  ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၁၀ တန်ခန့်၊ ပိတောက်သစ်ခွဲသား ဆိုဒ်စုံ ၂၀ တန်ခန့်နှင့် အလျား ၁၀ ပေ၊ အမြင့် ၈ ပေ ၇ လက်မ၊ အသက် ၂၂ နှစ် ခန့်ရှိ ဆင်အထီး တစ်ကောင်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် ဆင်အား သက်ဆိုင်ရာ ကျိုင်းတောင်းနယ်မြေ ရဲစခန်းနှင့် ကျိုင်းတောင်းမြို့နယ်၊ သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း  သတင်း ရရှိသည်။

Read 28 times Last modified on Tuesday, 11 February 2020 09:51