SJ WorldNews - шаблон joomla Авто

မြိတ်မြို့နယ်အတွင်း တရားမ၀င် ခိုးဝင်ဘင်္ဂါလီများ ဖမ်းဆီးရမိ

Wednesday, 12 February 2020 11:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၁

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ် အတွင်း   လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၀ ရက်  ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့၊  စန်္ဒ၀တ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင် ကျေးရွာလမ်းဆုံ၌ တရားမ၀င်ဝင်ရောက် လာသော ဖော်ယာစ်လူ(ဘ)အယူဘူရ်ရာ အပါအ၀င် ဘင်္ဂါလီခုနစ်ဦးအား စစ်ဆေး ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်း ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အဆိုပါခိုးဝင် ဘင်္ဂါလီများအား တင်ဆောင်လာသူ ယာဉ်မောင်း ရန်ပိုင်ထက်(ဘ)ဦးရန် အောင်ဆန်းအား  ည ၈ နာရီခွဲခန့်တွင် မြိတ်မြို့၊ ပပြင် ကျေးရွာ ၏ အနောက်မြောက် ဘက် မီတာ ၈၀၀ ခန့်အကွာ၌ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီများနှင့် ယာဉ်မောင်းဖြစ်သူအား   လုပ်ထုံးလုပ်နည်းနှင့် အညီ   ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိသည်။   

Read 56 times Last modified on Wednesday, 12 February 2020 11:31