SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ CB ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့်ခြိမ်းခြောက်၍ ဘဏ်မှငွေကျပ်သိန်း ၆၀၀ ခန့် လုယူထွက်ပြေး သွားသူကို ဖမ်းဆီးရမိ

Wednesday, 12 February 2020 11:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၁

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၅)ရပ်ကွက် ပင်လုံလမ်းနှင့် အဏ်္ဏ၀ါလမ်းသွယ် ထောင့်အမှတ်(၁၂၁၇)ရှိ CB  ဘဏ်၌ ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် အမျိုး သားတစ်ဦးက    ဘဏ် ၀န် ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဗုံးဟုယူဆရသော အရာဝ္ထုကိုချထားခဲ့ပြီး ငွေကျပ်သိန်း ၆၀၀ ခန့် လုယူထွက်ပြေးမှုဖြစ်ပွားခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း(ပ)၃၂၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။

အဆိုပါအမှုအား ရဲတပ်ဖွဲ့မှ စုံစမ်းဖော် ထုတ်ချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အင်ကြင်းမြိုင်လမ်း အမှတ်(၃၃) ရပ်ကွက်နေ တရားခံ စိုးကျော်ကျော် ၄၇ နှစ် (ဘ)ဦးလှအောင်အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်  YGN 5K/---- Probox ယာဉ်၊ လုယက်သွားသော မြန်မာငွေ ကျပ်သိန်း ၃၇၀ ကျော်၊ လုယူ ငွေများဖြင့် လဲလှယ် ထားသော အမေရိကန်ဒေါ်လာ ၇၀၀၀ တို့ နှင့်အတူ ဖမ်းဆီးရမိပြီး တရားခံ စိုးကျော်ကျော်မှာ အရေးကြီးငွေ လိုအပ် နေသည့် အတွက် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူအနေဖြင့် သေနတ်အတု၊ ဗုံး အတုတို့ဖြင့် ပြစ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ အများပြည်သူများ အနေဖြင့်လည်း စိုးရိမ် ထိတ်လန့်ဖွယ်ရာ မရှိကြောင်း သတင်းရရှိသည်။                         

ရဲပြန်ကြား

Read 17 times Last modified on Wednesday, 12 February 2020 11:35