SJ WorldNews - шаблон joomla Авто

မိုင်းရယ်မြို့နယ်၊ နားလီတံတား၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ

Thursday, 13 February 2020 08:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းရှိ နားလီတံတား၌ လုံခြုံရေးဆောင်ရွက်နေသော  ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် ဖြတ်သန်း သွားလာမှု များအား စစ်ဆေးစဉ် ယနေ့ညနေ ၄ နာရီခွဲခန့်တွင် မန်ဖိုင်ကျေးရွာ ဘက်မှ  မိုင်းရယ်ဘက်သို့ မအေးအောင်(ဘ) ဦးစံမောင် မောင်းနှင်လာသည့်  တိုယိုတာဗွီဂိုအမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN 6J/--------အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှWY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား၊ ဆပ်ပြာခွက်များဖြင့် ထည့်ထားသော ဘိန်းဖြူမှုန့် ၅၀ ဂရမ်(စုစုပေါင်း မူးယစ်ဆေးဝါးများ ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၄၀၀ ကျော်ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူနှင့် မော်တော်ယာဉ်တို့အား မိုင်းရယ်မြို့နယ် ရဲစခန်းသို့  စနစ်တကျ လွှဲပြောင်းအပ်နှံပြီး  တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။      

Read 15 times Last modified on Thursday, 13 February 2020 08:41