SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက် တစ်ဦးသေဆုံး

Friday, 14 February 2020 09:11 font size decrease font size decrease font size increase font size increase font size

ကောလင်း  ဖေဖော်ဝါရီ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး   ကောလင်းမြို့နယ် ဒိုးပင်ကျေးရွာ နေပူတောင်အဆင်း ရွှေဘို-မြစ်ကြီးနားကားလမ်း၌ ဖေဖော်ဝါရီ ၁၂ ရက်  နံနက် ၉ နာရီခွဲက  မော်တော်ယာဉ်တစ်စီး      အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်း   ထိုးကျတိမ်းမှောက်ရာ တစ်ဦးသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ  ကောလင်းမြို့နယ်  ဒိုးပင်ကျေးရွာ    နေပူတောင်အဆင်း   ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် (၁ဝ၆/၆)၌ တုပ်ကြီးကျေးရွာ ကသာမြို့နယ်နေယာဉ်မောင်း ရှိုင်းဝေဦး ၂၇ နှစ် မောင်းနှင်သည့်     တုန်ဖုန်းယာဉ်အမှတ်   MDY-7G/---- သည် အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ရာ ယာဉ်ပေါ်ပါ ဒေါ်ချိုမာဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရှိုင်းဝေဦးအား ကောလင်းမြို့မရဲစခန်းက    ယာဉ်(ပ)၃/၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 19 times Last modified on Friday, 14 February 2020 09:12