SJ WorldNews - шаблон joomla Авто

မြင်းခြံမြို့ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား

Friday, 14 February 2020 09:17 font size decrease font size decrease font size increase font size increase font size

မြင်းခြံ  ဖေဖော်ဝါရီ  ၁၃

မန်္တလေးတိုင်းဒေသကြီး    မြင်းခြံမြို့ အမှတ်(၅)ရပ်ကွက် နယ်မြေ(၆)ရှိ ဦးထွန်း အိမ်မှစတင်၍ ယနေ့ညနေ ၅ နာရီ မိနစ်၄၀ တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၅)ရပ်ကွက် နယ်မြေ(၆)ရှိ ဦးထွန်း(ဘ) ဦးမော်၏ နေအိမ်မှ မီးအားမြှင့်စက် အပူလွန်ကဲရာမှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးအောင်ကျော်နိုင်၊   မြို့နယ် မီးသတ်တပ်ဖွဲ့မှူး  ဦးအောင်ကိုသန့်တို့ ဦးဆောင်၍ မီးသတ်ကား ၁၄ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ၀ိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၅ နာရီ ၅၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးထွန်း၏ လေးပင်ပတ်လည် ပျဉ်ထောင်သွပ်မိုး နေအိမ်တစ်လုံး အပါအ၀င်  နေအိမ်ခုနစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း   သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လူနှင့် တိရစ္တာန် ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ မီးလောင်မှု စတင်ဖြစ်ပွားသည့် ဦးထွန်း(ဘ) ဦးမော်အား မြင်းခြံမြို့မ ရဲစခန်း ဒုရဲအုပ် အောင်မျိုးနိုင်က တရားလိုပြုလုပ်၍ (ပ)၁၀၄/၁၉၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Read 14 times Last modified on Friday, 14 February 2020 09:18