SJ WorldNews - шаблон joomla Авто

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

Sunday, 16 February 2020 11:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် မောင်ကျင်ကွယ်မန်း (ဘ) ဦးဇန်ခန့်နန် နေထိုင်ရာ ၎င်း၏အစ်ကိုဖြစ်သူ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်နေ ကပ်ဆွင်းမွောင်၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ အိပ်ခန်းအတွင်း မျက်နှာကြက်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀၀ ပြား၊ COLT AR-15 (GLR 16-S) အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ဘိန်းဖြူ ၈၈ ဂရမ် ခန့်အား ၎င်းတို့နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ ပူးပေါင်းအဖွဲ့သည် နံနက် ၇ နာရီ ခန့်တွင် သဇင်ရပ်ကွက်နေ ၀ုံကော့ကျင်း (ဘ) ဦးဟောက်ရှင်းခိုင်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ် ဘုရားဝတ်ပြုသည့် အခန်းကြမ်းခင်းအောက် အံဝှက်အတွင်းမှ CZ Scorpion Evo အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည်အိမ်နှစ်ခု၊ Interarms ၊ Cal-22 Lr အမျိုး အစား ပစ္စတိုနှစ်လက်၊ ၎င်းကျည်သုံးတောင့်၊ Beretta  အမျိုးအစား ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်နှစ်ခု၊ ၇ ဒသမ ၆၂ ကျည် ၃၅၂ တောင့်တို့အား ၎င်းနှင့်အတူဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊  လက်နက်/ခဲယမ်းများနှင့် စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၁၂၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ကလေးမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။                      

Read 121 times Last modified on Sunday, 16 February 2020 11:15