SJ WorldNews - шаблон joomla Авто

နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ

Thursday, 20 February 2020 10:17 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၈ ရက်   မွန်းလွဲ ၁ နာရီက   နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃)မှ ရဲအုပ်မျိုးသက်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ် နန့်မွန်းကျေးရွာနေ နိုင်ဝင်းထွန်း(ခ)မောင်မောင် ၃၅ နှစ်၏ နေအိမ်ကို    ဝင်ရောက်ရှာဖွေရာ¤င်းနှင့်အတူ     တစ်ရွာတည်းနေ မြင့်လွင် ၃၆ နှစ်ကိုတွေ့ရှိရပြီး နေအိမ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်လျက် ကာလတန်ဖိုးငွေကျပ် ၁၉၆ သိန်းရှိ ဘိန်းဖြူမှုန့် အလေးချိန်၂၈ဝ ဂရမ်ကို သိမ်းဆည်းရမိသဖြင့် ဆက်လက်စစ်ဆေးရာ မူးယစ်ဆေးဝါးများမှာ တစ်ရွာတည်းနေ မိပြား(ခ)ချိုချိုမြင့်မှတစ်ဆင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း ထွက်ဆိုသဖြင့် မိပြား(ခ)ချိုချိုမြင့်အား ဖမ်းဆီးရေး အဖွဲ့မှ သွားရောက် စစ်ဆေးရှာဖွေရာ တိမ်းရှောင်သွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ဝင်းထွန်း(ခ)မောင်မောင်၊ မြင့်လွင်နှင့် မိပြား(ခ)ချိုချိုမြင့်တို့   သုံးဦးအား လုံးတုံနယ်မြေ ရဲစခန်းက   မယ(ပ)၈/၂ဝ၂ဝ၊    မူး/စိတ်ဥပဒေ ပုဒ်မ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 24 times Last modified on Thursday, 20 February 2020 10:18