SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ ကလေးငယ်တစ်ဦး သေဆုံး

Thursday, 20 February 2020 10:18 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး  ခင်ဦးမြို့နယ်    မကျီးအုပ်ကျေးရွာအနီး မြင်းဒေါင်း-ကာဘိုးသွားကားလမ်း၌ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီက မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာမှ ကလေးငယ်တစ်ဦးသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် မကျီးအုပ်ကျေးရွာအနီး မြင်ဒေါင်း-ကာဘိုးသွားကားလမ်း၌ မုံတော(တ)ကျေးရွာ ခင်ဦးမြို့နယ်နေ ယာဉ်မောင်းဇော်မင်းနိုင် မောင်းနှင်ပြီး ဇနီးဖြစ်သူမပွေးနှင့် သားဖြစ်သူ ဝေဖြိုးအောင်တို့ လိုက်ပါလာသော ယာဉ်အမှတ် MDY-5G/---- လိုက်ထရပ်အမျိုးအစား     အဖြူရောင်ယာဉ်သည် ဘရိတ်ပေါက်ပြီး လမ်း၏ဝဲဘက်ခြမ်းသို့     ထိုးကျတိမ်းမှောက်သွားရာ ယာဉ်မောင်း ဇော်မင်းနိုင်မှာ ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိပြီး   သားဖြစ်သူ ဝေဖြိုးအောင် နှစ်နှစ်မှာ  ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့်      ဝဲပါးပွန်းပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဇော်မင်းနိုင်အား မြို့မရဲစခန်းက ယာဉ်(ပ)၇/၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၃၈/၃ဝ၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

                      စံကျော်အုန်း

Read 108 times Last modified on Thursday, 20 February 2020 10:19