SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်တစ်စီး ဝါယာရှော့ဖြစ်၍ မီးလောင်

Thursday, 20 February 2020 10:19 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ချောင်းဝကျေးရွာအနီး၌ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်က   မော်တော်ယာဉ်တစ်စီး ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းကိုဇေယျာထွန်း မောင်းနှင်လာသော 6J/---- Ford မော်တော်ယာဉ်သည် ရေနံချောင်းမြို့နယ် ချောင်းဝကျေးရွာ အရှေ့ဘက်အရောက်တွင် ဘက်ထရီကြိုးပေါက်ပြဲပြီး ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားရာ Ford မော်တော်ယာဉ်တစ်စီး မီးလောင်ဆုံးရှုံးသွားသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊     မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ နောင်ရိုးနယ်မြေမီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေနံချောင်းမီးသတ်ဌာနမှ မီးငြှိမ်း

သတ်ယာဉ်တစ်စီးနှင့် ရေသယ်ယာဉ်တစ်စီးတို့ဖြင့်  ဝိုင်းဝန်းငြှိမ်းသတ်ကြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဇေယျာထွန်းအား လက်မှတ်ကုန်းနယ်မြေရဲစခန်းက   အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း   သိရသည်။                    

 ကိုစိုးကြီး

Read 116 times Last modified on Thursday, 20 February 2020 10:19