SJ WorldNews - шаблон joomla Авто

ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိ

Friday, 21 February 2020 10:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ၁၂ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့၏ အရှေ့ဘက် မီတာ ၁၅၀၀၀ ခန့်အကွာသို့ အရောက်၌ ဘိန်းဖြူအဖြူရောင် အမှုန့် ၁၀ ကီလိုဂရမ်ခန့်၊WY နှင့် R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၇၈၀၀ ပြား၊ ပန်းရောင် အမှုန့် ၂ ဒသမ ၅ ကီလိုခန့်၊ အစိမ်းရောင် အမှုန့် ၁ ဒသမ ၄ ကီလိုခန့်၊ အနီရောင် ဆေးရည်တစ်ပုံး(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၃၃၀၀ ကျော်)နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ကွတ်ခိုင်မြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 131 times Last modified on Friday, 21 February 2020 10:20