SJ WorldNews - шаблон joomla Авто

မိုးညှင်းမြို့နယ်အတွင်း တရားမ၀င် ရွှေတူးဖော်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိ

Wednesday, 26 February 2020 09:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဖေဖော်ဝါရီ   ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ ၀င်များသည် ယနေ့နံနက် ၉ နာရီခန့်တွင် လုံးတုံကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀၀ခန့်အကွာသို့ အရောက်၌ တရားမ၀င် ရွှေတူးဖော်ရာတွင် အသုံးပြုသည့်  ရွှေမှုတ်စက် တစ်လုံး၊ အင်ဂျင်နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ   တရားမ၀င် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လုံးတုံနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                        

Read 28 times Last modified on Wednesday, 26 February 2020 09:05