SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Wednesday, 26 February 2020 09:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် သတင်းအရ တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ ရွှေအေးစေလမ်းရှိ ရွှေအေးစေ တည်းခိုခန်း၌ စောင့်ဆိုင်းနေစဉ် တည်းခိုခန်းခြံဝင်းအတွင်းသို့ ဖီးလောင်(ဘ)ဦးအားလို မောင်းနှင်လာသော CROWN အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 9I/---နှင့်  ကျိုက်ရီ(ဘ) ဦးမောဂျာမောင်းနှင်၍ အားလို့(ဘ)ဦးအားကော် လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အမှတ်၊ SHN 5N/---  တို့အား  ရပ်တန့်စစ်ဆေးရာ ဖီးလောင် မောင်းနှင်လာသည့်  မော်တော်ယာဉ်နောက်ခန်းရှိ    ဆာလာအိတ်များ အတွင်းမှ အိုက်စ်အဖြူရောင် ပုံဆောင်ခဲ ၉ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၂၂၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး တာချီလိတ်မြို့မ ရဲစခန်းသို့  စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း  သတင်းရရှိသည်။

Read 43 times Last modified on Wednesday, 26 February 2020 09:14