SJ WorldNews - шаблон joomla Авто

ကာလိမြို့နယ် အတွင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Thursday, 27 February 2020 09:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့နယ်အတွင်းရှိ သံလွင်မြစ်ကူးတံတား (တာကော်) ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက    ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးစဉ် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ စိုင်းလိတ်(ဘ)ဦးလုံးကျော် မောင်းနှင်ပြီး စိုင်းမြင့်ဦး(ဘ)ဦးလုံးပန် လိုက်ပါလာသည့်  HONDA  WAVE-125  အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ   စိုင်းမြင့်ဦး လွယ်ထားသည့် လွယ်အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား  ၁၀၀၀၀  ပြား(ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၁၀၀ ခန့်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ဆက်စပ်သတင်းအရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား  စိုင်းခေး(ဘ) ဦးအဂ္ဂမှ မိုင်းပျဉ်းမြို့ဘက်သို့ သယ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ မိုင်းပျဉ်းမြို့နယ်၊ ၂ မိုင်ရွာတွင် စောင့်ဆိုင်းနေကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ သွားရောက် ဖမ်းဆီးရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်းအား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေး မေးမြန်းချက်အရ ၎င်းမူးယစ်ဆေးဝါးများကို မိုင်းပျဉ်းမြို့နယ်၊ ဟွေဟင်ရွာနေ ဦးအာဗွေ(ဘ) ဦးလော်ဂျူးထံသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့သည် ၎င်းနေအိမ်သို့ ည ၆ နာရီခန့်တွင် သွားရောက်ရှာဖွေရာ နေအိမ်အတွင်း ဘိန်းစိမ်းအလေးချိန် ၆ ဒသမ ၅ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉ သိန်းခန့်)နှင့်ျွှ့ စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၇၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁ သိန်းကျော်) တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ကာလိနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။     

Read 30 times Last modified on Thursday, 27 February 2020 09:05