SJ WorldNews - шаблон joomla Авто

မိုင်းတွမ်းမြို့နယ်အတွင်း လက်နက်/ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Thursday, 05 March 2020 09:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း  လုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည်   ယနေ့နံနက် ၁၁ နာရီ မိနစ် ၅ဝ ခန့်တွင် မိုင်းတွမ်းမြို့၏ အရှေ့ဘက် မီတာ ၁၁ဝဝဝ ခန့်အကွာသို့ အရောက်၌ မြေကျင်းတူး၍ မြှုပ်နှံထားသည့် သေနတ် သုံးလက်၊ ကျည်အိမ် နှစ်ခု၊ ကျည်မျိုးစုံ ၁၇ တောင့်နှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား  ၁၂၆ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၈ဝဝ ကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ   လက်နက်/ခဲယမ်းများနှင့်   မူးယစ်ဆေးဝါးများအား မိုင်းတွမ်းနယ်မြေရဲစခန်းသို့  စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

Read 54 times Last modified on Thursday, 05 March 2020 09:21