SJ WorldNews - шаблон joomla Авто

ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းစိမ်းများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Friday, 06 March 2020 09:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ် 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝါးရှောင်ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးစဉ် မတ် ၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင်  ကန်ပိုက်တီမြို့ဘက်မှ  ဝိုင်းမော်မြို့ဘက်သို့ ဦးလွမ်းဟောင်း(ဘ) ဦးဇယ်လွမ်းမောင်းနှင်ပြီး   ဒေါ်ကော့ဖန် (ဘ) ဦးဆွမ်လွတ်နော် လိုက်ပါလာသည့် ODDSEEY အမျိုးအစားလိုင်စင်မဲ့ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ဒေါ်ကော့ဖန်ထံမှ ဘိန်းစိမ်း ၁၂၅ဝ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈ သိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဝိုင်းမော်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Read 52 times Last modified on Friday, 06 March 2020 09:11