SJ WorldNews - шаблон joomla Авто

ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ မှော်ဘီကျေးရွာအနီး၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Friday, 06 March 2020 09:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ် 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲအတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၄ ရက် ည ၁၁ နာရီခွဲခန့်တွင် မှော်ဘီကျေးရွာ၏ တောင်ဘက်မီတာ ၁ဝဝဝ ခန့်အကွာရှိ တုံဟုန်းတံတား၌ ယာဉ်များအားစစ်ဆေးစဉ် မှော်ဘီကျေးရွာဘက်မှ ပင်လောင်းမြို့ဘက်သို့ ခွန်အောင်သာ

(ဘ)ဦးဝိုင်း မောင်းနှင်ပြီး ဇေယျာသိန်း(ဘ)ဦးစိုးသိန်း လိုက်ပါစီးနင်းလာသည့် Vigo အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ဝဲဘက်တံခါးအတွင်း အံဝှက်ပြုလုပ်၍ အပြာရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆ဝဝဝဝ  ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၆ဝဝ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား နန်းပန်နယ်မြေ ရဲစခန်းသို့  စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။  

Read 54 times Last modified on Friday, 06 March 2020 09:14