SJ WorldNews - шаблон joomla Авто

မိုင်းတွမ်းမြို့နယ်၊ ပါဟိုးကျေးရွာ အနီး၌ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်း သိမ်းဆည်းရမိ

Thursday, 12 March 2020 09:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ ၃ နာရီခန့် တွင် ပါဟိုးကျေးရွာ၏ တောင်ဘက် မီတာ  ၁ဝဝ ခန့်အကွာ တောင်ယာသွားလမ်းဘေး၌ ကျင်းတူး၍ မြှုပ်နှံထားသော မိုင်းပြုလုပ်ရာ တွင် အသုံးပြုသည့် ဒီတိုနေတာ(ကြိုးအပါ)  ၄၁ ခုနှင့် ယမ်းမှုန့် ၂ ကီလိုဂရမ်ခန့်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။      

Read 51 times Last modified on Thursday, 12 March 2020 09:03