Print this page

တမူးမြို့နယ်၊ နန်းကထိပ်ကျေးရွာ အနီး တရားမဝင်သစ်များ သိမ်းဆည်းရမိ

Monday, 16 March 2020 08:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီခန့်တွင် နန်းကထိပ်ကျေးရွာ၏ အရှေ့ဘက်၇ မိုင်ခန့်အကွာသို့ အရောက်၌ တောအုပ်အတွင်းမှ တရားမဝင် ကညင်သစ်လုံးနှင့် ကညင်သစ်ခွဲသားဆိုဒ်စုံ ၄၈ တန်ခန့်အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ တရားမဝင် သစ်များအား မော်လိုက်ခရိုင် သစ်တောဦးစီး ဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

Read 54 times Last modified on Monday, 16 March 2020 08:58