SJ WorldNews - шаблон joomla Авто

မဘိမ်းမြို့နယ်၊ ခေါတောကျေးရွာ အနီး၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Monday, 16 March 2020 09:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မတ် ၁၄ ရက် နံနက် ၁ဝ   နာရီခန့်တွင်  ခေါတောကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌   မသင်္ကာဖွယ် အမျိုးသားနှစ်ဦးသည် ပလတ်စတစ်အထုပ်    တစ်ထုပ်အား လမ်းဘေးသို့   ပစ်ချထွက်ပြေးသွားသဖြင့် စစ်ဆေးရာ ပလတ်စတစ်အိတ် အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၃ဝဝ   ပြား   (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၂ဝ ကျော်)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မဘိမ်းမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။        

Read 41 times Last modified on Monday, 16 March 2020 09:13