SJ WorldNews - шаблон joomla Авто

သီပေါမြို့ အိုရီယမ်တယ် တိုးဂိတ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ တစ်ဦး ဖမ်းဆီးရမိ

Monday, 16 March 2020 09:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိအိုရီယမ်တယ် တိုးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ် မတ် ၁၄ ရက် ည ၆ နာရီခန့်တွင်လားရှိုးမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ မောင်းနှင်လာသည့် Tracker အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးအား  ရပ်တန့်စစ်ဆေးရာ     ဆိုင်ကယ်မောင်းနှင်သူ သိန်းအောင်(ဘ) ဦးမောင်အေး လွယ်ထားသော  ဘေးလွယ်အိတ်အတွင်းမှ   WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၈၅ ပြား၊ ဘိန်းဖြူ ၅ဝ ဂရမ်(စုစုပေါင်း မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉ သိန်းကျော်)အား တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား သီပေါမြို့မ ရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Read 41 times Last modified on Monday, 16 March 2020 09:19