SJ WorldNews - шаблон joomla Авто

ကော့သောင်းမြို့နယ်၊ ဘာလိအော် ကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Monday, 16 March 2020 09:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ   ယနေ့နံနက်    နာရီခွဲခန့်တွင်  ဘာလိအော် ကျေးရွာ သန်းထွန်း(ဘ)ဦးလှရွှေ၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ  နေအိမ်ပေါ်မှ အမည်းရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၁ ပြားအား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ကော့သောင်းမြို့မ ရဲစခန်း သို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း  သတင်း ရရှိသည်။

Read 41 times Last modified on Monday, 16 March 2020 09:28