SJ WorldNews - шаблон joomla Авто

ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင်သစ်လုပ်ငန်း လုပ်ကိုင်နေသူများအား ဖမ်းဆီးရမိ

Tuesday, 17 March 2020 08:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင်သစ်များ ထုတ်လုပ်နေကြောင်း သတင်း အရ ယနေ့ညနေ ၃ နာရီခန့်တွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဘွန်တောင်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃ဝဝဝ ခန့် အကွာ၌ တရားမဝင်သစ်လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသားနှစ်ဦးအား မော်တော်ယာဉ် သုံးစီး၊ ကရိန်းယာဉ်နှစ်စီး၊ သစ်စက်တစ်လုံး၊ တရားမဝင်သစ် ၁ဝ၄၆ တန်နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များ၊ တရားမဝင်သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ သို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 50 times Last modified on Tuesday, 17 March 2020 08:38