SJ WorldNews - шаблон joomla Авто

တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ် အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

Tuesday, 17 March 2020 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ နယ်နှင့် လှည်းကူးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော   တပ်ဖွဲ့ဝင်များသည် မတ် ၁၅ ရက်တွင် တိုက်ကြီးမြို့၏ မြောက်ဘက်  မီတာ ၅ဝဝဝ ခန့်အကွာရှိ တဘူးလှဆည် အနီးတစ်ဝိုက်၌ စုပုံထားသည့် တရားမဝင် သစ်မျိုးစုံ ၉ တန်ကျော် အားလည်းကောင်း၊ လှည်းကူးမြို့၏မြောက်ဘက် မီတာ ၅ဝဝဝ ခန့်အကွာရှိ ငမိုးရိပ်ဆည် အနီးတစ်ဝိုက်၌ စုပုံထားသည့် တရားမဝင် သစ်မျိုးစုံ ၄ တန်ကျော်အားလည်း ကောင်း   ပိုင်ရှင်မဲ့  တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ တရားမဝင်သစ်များအား တိုက်ကြီးမြို့နယ်နှင့်   လှည်းကူးမြို့နယ် သစ်တောဦးစီး ဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။                       

Read 44 times Last modified on Tuesday, 17 March 2020 08:54