SJ WorldNews - шаблон joomla Авто

စစ်တွေမြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Tuesday, 17 March 2020 08:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည်   မတ် ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်တွေ-ရေချမ်းပြင်သွား ကားလမ်းအတိုင်း  အာလီ(ဘ)ကာမာဟူဆား မောင်းနှင်လာသည့်   မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် ရှေ့ကြားတွင်ညှပ်၍ သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ   စိတ်ကြွရူးသွပ် ဆေးပြား ၄၇၂ဝဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၉၄ဝ ကျော်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူအား ဆက်လက်စစ်ဆေးချက်အရ ဒါးပိုင်ကျေးရွာရှိ ထွက်ပြေးတိမ်းရှောင်နေသည့် မော်လဝီယူနုစ်၏ နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း မျက်နှာကြက်ပေါ်မှ WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၄ဝ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် ၆ သိန်းကျော်)အား ထပ်မံ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား စစ်တွေမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။                       

Read 53 times Last modified on Tuesday, 17 March 2020 08:58