SJ WorldNews - шаблон joomla Авто

လားရှိုးမြို့ အထွက်ရှိ အေးရှားဝေါလ် တိုးဂိတ်၌ တရားမဝင် သယ်ဆောင်လာသည့် နွားများ ဖမ်းဆီးရမိ

Tuesday, 17 March 2020 09:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အထွက်ရှိ အေးရှားဝေါလ်တိုးဂိတ်၌ လုံခြုံ ရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည်  ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ်  မတ် ၁၅ ရက် ည ၇ နာရီ ခန့်တွင် မန္တလေးမြို့ဘက်မှ မူဆယ်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ကိုးစီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း ကိုးဦး၊ ယာဉ်နောက်လိုက် ခုနစ်ဦးနှင့် နွားထိန်း ၂၅ ဦးတို့အား ယာဉ်များပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် နွား ၁၉၂ ကောင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များ၊ နွားများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 43 times Last modified on Tuesday, 17 March 2020 09:02