SJ WorldNews - шаблон joomla Авто

ကုန်းကြမ်းမြို့၊ မန်ယာကျေးရွာအနီး၌ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိ

Tuesday, 17 March 2020 09:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့၊ မန်ယာကျေးရွာအနီး၌ မတ် ၁၄ ရက်တွင် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၆၉ဝ ကျော်) ဖမ်းဆီးရမိခဲ့သည့် ဆက်စပ် သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှာဖွေဖော်ထုတ် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီခန့် တွင် အဆိုပါကျေးရွာအနီး၌ မြေကျင်းတူး၍ မြှုပ်နှံထားသည့် Y စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ဝဝဝဝ ပြား၊ ဆေးပြားရိုက်စက်တစ်လုံး၊WY နှင့် Y တံဆိပ်ပါ ဆေးပြားရိုက်တံ ၁၂၁ ချောင်း(မူးယစ် ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၂၂ဝဝ ကျော်)တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ကုန်းကြမ်းမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 68 times Last modified on Tuesday, 17 March 2020 09:15